စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မင်းခေါင် အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် (ဖုန်း-072 22320)

Wednesday, May 8, 2013

မေတ္တာသုတ်

၁။ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀မာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။ ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

 မေတ္တသုတ္တံ နိဋ္ဌိတံ။
 

ရွှေတိဂုံစေတီတော်မြတ်ကြီးအောက်ဘက်မှ အံ့မခန်း ဆံတော်တွင်း...









အရှင်သောမ (ခေါ်) ဆရာမောင်မောင်

  

မဖတ်လိုက်ရသေးသူတွေ ဖတ်ရအောင်၊ဖတ်ပြီးဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှလိုက်ပါသည်။

ဗုဒ္ဓဘာသာကိုဖျက်ဆီးနိုင်တာ သာသနာတွင်းသား ရှင်ရဟန်းများသာဖြစ်ပါတယ်။ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ဘူးလို့ ပိဋကတ်စာပေမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။ အရှင်သောမ(ခေါ်) ဆရာမောင်မောင်လည်း ဒါတွေကို သိလို့ ဗုဒ္ဓဘာသာဝင်တွေကို မှိုင်းတိုက်ကာ ဗုဒ္ဓသာသနာပျက်စီးအောင် သာသနာတွင်းသို့ဝင်ရောက်ပြီး ဖျက်ဆီးနေတာဖြစ်ပါတယ်။

မြန်မာတွေ အမြဲတမ်း အလိမ်ခံနေရဦးမယ် အားလုံးအတွက် သတိထားစရာ
by Saffron Revoulation Monks on Friday, 2 March 2012 at 19:42 ·

အရှင်သောမ၏ နောက်ကြောင်းသမိုင်းများ
ဆရာမောင်မောင်၊ ထားဝယ်အမှတ်(၅)၊ (အရှင်သောမ)


အထက်ရေဖြူမြို့သူနဲ့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ရခဲ့သည်။ တစ်ယောက်က နပ်စ်မ၊ တစ်ယောက်ကကျောင်းဆရာမ၊ မိန်းမကို ပစ်သွားခဲ့သည်။ မိန်းမဟာ တစ်ဖက်နိုင်ငံမှာ သမီးနှစ်ယောက်အတွက် အလုပ်လုပ်ခဲ့သည်။

ဆရာမောင်မောင်(ခေါ်) အရှင်သောမနှင့် အရာခံဗိုလ် ခင်မောင်ဝင်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး မူစလင်များဖြစ်ကြသည်။ အရှင်သောမက ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ပါသည်။ လူကုန်ကူးမှုကို သူငယ်ချင်းနှစ်ဦး ပေါင်းလုပ်ကြသည်။ အရာခံဗိုလ်ခင်မောင်ဝင်းသည် ဖမ်းမိပြီး ထောင်ကျသွားသည်။ အဲဒီအချိန်မှာ ဆရာမောင်မောင်(ခေါ်) အရှင်သောမသည် ရဟန်းပြုပြီး ဇာတ်မြှုတ်နေခဲ့သည်။


မြင်းခါးတောင်၊ သရက်ချောင်းမြို့နယ်မှာ ရဟန်းဖြစ်ပါသည်။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ၊ တောကျောင်းမှာနေခဲ့သည်။ အဆင်မပြေခဲ့ပါ။
အဲဒီကမှတဆင့် ထားဝယ်မြို့၊ ဘုံမော်ရပ်၊ ဓမ္မစကြာပဋိပတ္တိရိပ်သာကျောင်းမှာ မိုးကုတ်တရားများ ပြသနေခဲ့သည်။ နေလဂျာနယ်မှာ အဲဒီရိပ်သာရဲ့ နာယကဆရာတော်ဆိုပြီး ဖော်ပြခဲ့သည်။ အဲဒီကျောင်းမှာ ပြဿနာ တက်ခဲ့ပါသည်။

အဲဒီနောက် ဘိတ်မြို့နယ်၊ ကလွင်ကျေးရွာမှာ ကျောင်းတည်ထောင်ကာ သံဃာ (၂၁၀)ပင့်ပြီး ငွေအတုများ လှူဒါန်းခဲ့ပါသည်။သံဃာများကို ငွေအစစ်နဲ့လဲလှယ် ပေးမယ်ဆိုပြီး လှူဒါန်းခဲ့သည်။ တစ်ပါးကို သိန်းကျော်စီလှူခဲ့သည်။ နောက်ပိုင်း ငွေအစစ် နှစ်သောင်းစီသာ လှူဒါန်းခဲ့သည်။ ပြဿနာများ တက်ခဲ့ပါသည်။ ငွေအတုလုပ်သောဆိုင်မှာ ထားဝယ်မြို့၊ ရှိန်းကွန်ပျူတာဆိုင်ဖြစ်ပါသည်။ အဲဒီဆိုင်မှာ ငွေအတု(၇၂)သိန်း ထုတ်ခဲ့သည်။ မှန်လုံ(၁၆)စီးနဲ့ လူတွေကို ဖိတ်ပြီးခေါ်သွားခဲ့ပါသည်။ ထားဝယ်မှာ ဖုန်း(၈)လုံးဝယ်ထားပြီး အားလုံးကို အကြောင်းစုံသိအောင် စုံစမ်းထား သည်။

တနင်္သာရီတိုင်း ၀န်ကြီးချုပ်ခင်ဇော်က ဦးသောမကိစ္စကို ပြတ်အောင်လုပ်ပါ၊ မလုပ်ရင် မင်းတို့ကို ခေါင်းဖြတ်မယ်လို့ အောက်လူတွေကို ပြောခဲ့သည်၊ ငွေအတုလုပ်တာ အပြစ်မရှိဘူးလို့ ချေပပြောဆိုခဲ့ပြန်သည်၊ နောက်ပိုင်းမှာ ၀န်ကြီးချုပ် ခင်ဇော်ဟာ ရာထူးမှ ပြုတ်သွားခဲ့သဖြင့်
ဦးသောမကိစ္စ အဆက်ပြတ်သွားပြန်သည်။ အဲဒီအချိန်အတွင်းမှာ သူ့အမနဲ့ သူ့ညီတို့ သေဆုံးခဲ့သည်။ မြို့သူမြို့သားများနှင့် ရွာသူရွာသားများကို ဗုဒ္ဓဂယာသို့ ငွေပိုယူကာ ဘုရားဖူးပို့ပြီး သိမ်းသွင်းခဲ့သည်။ ဘိတ်မြို့နယ်အတွင်းက ရွာတွေမှာ (၁၀)တန်းအတွက် စပေါ့ရမယ်ဆိုကာ ငွေများလိမ်ခဲ့ပြီး ရန်ကုန်သို့ ထွက်ပြေးသွားခဲ့သည်။


ယခုအခါ အိန္ဒိယနိုင်ငံမှာ ဘုရားဖူးအဖွဲ့များအတွက် ကုမ္ပဏီတစ်ခုတည် ထောင်ထားသည်။ အိန္ဒိယမှာ ပညာသင်ကြားနေသော သံဃာတော်များကိုလည်း သိမ်းသွင်းထားခဲ့ပါသည်။ စစ်တပ်ကလာသော မူစလင်အစစ် အရှင်သောမသည် စကားပြောအလွန်ကောင်းပြီး တစ်ဖက်လူကို သိမ်းသွင်းစည်းရုံးမှုအမျိုးမျိုး လုပ်ခဲ့ပါသည်။ ယခုအခါ အမှုမပေါ်အောင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အများအပြားကို ပိုက်ဆံလာဘ်ထိုး ထားသည်။ တစ်ချို့ဆရာတော်များ
ဆီကို လာဘ်ထိုးဖို့ စောင့်ဆိုင်းနေသည်။

သတင်းအကြောင်းစုံကို ထားဝယ်မြို့၊ ဘိတ်မြို့တွေမှာ စုံစမ်းနိုင်ပါသည်။ ယခုအခါ ဘိတ်မြို့တစ်မြို့လုံးက လက်မခံတဲ့အတွက် ရန်ကုန်သို့ ရောက်ရှိနေတာ ကြာခဲ့ပါပြီ။ အဖက်ဖက်က ၀ိုင်းဝန်းပြီး သေချာအောင်စုံစမ်းစစ်ဆေးကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

**********************************************************************************************
ဒါကတော့ ဒီ http://satzin20.blogspot.com/2012/02/blog-post.html ဆိုက်ဒ်မှာတင်ထားတဲ့ ချက်မေးလ်လေးတစ်ခုပါ။
မင်္ဂလာပါ
Sunday, February 19, 2012
မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦးလို့  ဘော်ဒါတယောက်ပို့ လာတာ တင်ပေးလိုက်ပါတယ်

 ABC:မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦး
       တော်တော်ဆိုးတယ်
       အရှင်သောမ ဆိုတာသိလား
       တရားဟောတဲ့ထားဝယ်ဆရာတော်လေ
       အခု မဟနတွေကို ငွေလာဘ်ထိုးနေတယ်
       သူက မူစလင်ကနေ၀တ်လာတာ
       အခု သထုံကိုရောက်လို့ အကြောင်းစုံသိရတယ်
       အရင်က စစ်တပ်မှာ ထောက်လှမ်းရေး
       ထောက်လှမ်းရေးလုပ်ပြီး လူကုန်ကူးတာ
       လူကုန်ကူးလို့ ဖမ်းခါနီးမှာ ဘုန်းကြီးဝတ်လိုက်တာ
       အခုလည်း အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ်


ဦးသာသန: ဘယ်လိုဖြစ်လို့လဲ
သိတယ်ဘုရား


ABC: အခု မဟနတွေကို လာဘ်ထိုးနေတယ်
       သူ့အမှုအတွက်


ဦးသာသန: အသေးစိတ်ကို ပိုပြီးသိချင်တယ်
ဘာလို့လဲ ဆိုတော့ သူက ကိုယ်တို့နဲ့ အဆက်အသွယ်ရှိတယ်
ကိုယ်လည်း သိပ်သဘောမကျဘူး


ABC: ထားဝယ်ဓမ္မစကြာရိပ်သာကျောင်းမှာနေခဲ့တာ


ဦးသာသန: အသေးစိတ်ကို သေချာပို့ပေးပါ


ABC: အဲဒီမှာ နေလစာစောင်မှာ သူက အဲဒီကကျောင်းထိုင်ပါဆိုပြီး လိမ်ပြီးရေးခဲ့လို့ ပြဿနာတွေ     တက်ကြတယ်
အဲဒီကနေ ဘိတ်ကို ပြေးတယ်
ဘိတ်မှာ ကျောင်းရှိတယ်
အခု ဘိတ်မှာ မနေရဲလို့ ရန်ကုန်ကို ပြေးတယ်
ရန်ကုန်တောင်မှ ကမ္ဘာအေးမှာ ၀ါဆိုတာ
မဟနတွေ ညံ့ဖျင်းတာ


ဦးသာသန: ဒါဆို တပည့်တော် စုံစမ်းမယ်


ABC: ထာဝယ်မှာ သံဃာတွေကို ပင့်ပြီး ပိုက်ဆံ 100000 စီကို အတုလုပ်ပြီးလှူတယ်
နောက်မှ အစစ်နဲ့လည်းပေးမယ်လို့ပြောတယ်


ဦးသာသန: အခု အိန္ဒိယ သံဃာတွေကိုလည်း သူက စည်းရုံးနေတာ


ABC: အဲဒါမဟုတ်ဘူး


ဦးသာသန: တပည့်တော် စိတ်ဝင်စားသွားပြီ
တိုက်ခိုက်တော့မယ်


ABC: အခု တပည့်တော် သထုံ ဇင်းကျိုက်မှာ ရောက်နေလို့ သူနေခဲ့တဲ့ ကျောင်းက မနေ့ညက ဖုန်းဆက်လို့ အကုန်သိရတယ်


ဦးသာသန: ငါ့ရှင်နဲ့ကိုယ်နဲ့ လက်တွဲမယ်
ငါ့ရှင်က မြန်မာနိုင်ငံက သတင်းတွေကိုပို့
ကိုယ်က အိန္ဒိယ မှာ လှုပ်ရှားမယ်


ABC: အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ်အခု ဗိုလ်မှုးတစ်ဦးနာမည်နဲ့
တပည့်တော် မက်ဆေ့နဲ့ပို့မယ်လေ


ဦးသာသန: ဘုရားဖူးတွေလည်း သူက ခပ်တည်တည်လုပ်နေတာ


ABC: မေးက တပည့်တော်ပိတ်မိထားလို့ အ၀င် အထွက်မရဘူးဖြစ်နေတယ်


ဦးသာသန: အိန္ဒိယ မှာ ကိုယ်က အခုရှိနေတယ်


ABC: ဘုရားဖူးတွေကို သူက စည်းရုံးနေတာ


ဦးသာသန: နောက်ရက် ပို့ထားပေးပါ


ABC: အဲဒါကို မေးဖြန့်ပြီး မက်ဆေ့တွေ ဖြန့်ပါနောင်ကြီး


ဦးသာသန: အခု သေချာသိရင် ကိုယ် လုပ်တော့မယ်


ABC: အခုလ 20 ရက်နေ့ မဟန အစည်းအဝေးရှိတယ်
အဲဒီမှာ သူက လာဘ်ထိုးနေပြီ


ဦးသာသန: မေးကနေ မက်ဆေ့ထက် ပိုပြီးပြန့်အောင် ဖြန့်ပေးမယ်


ABC: အခု တော်တော်များများကို လာဘ်ထိုးပြီးသွားပြီ
နောက်ထပ်ရောက်မယ့် မဟနတွေကို လာဘ်ထိုးဖို့စောင့်နေတာ
မူစလင်အစစ်ပါ သူက
ပိုက်ဆံ 100000 အတုတွေကို နောက်မှ ငွေ 20000 နဲ့ သွားပြန်လဲတယ်လေ
အဲဒီကစပြီး သူ့အမှုပေါ်တာ


ဦးသာသန: တပည့်တော်တို့လည်း သူ့ကို သိပ်မယုံဘူး
ထားဝယ်သူတွေနဲ့ လှုပ်ရှားနေတာ
တပည့်တော် စုံစမ်းအုံးမယ်


ABC: စုံစမ်းပါနောင်တော်
သူက တော်တော်ဆိုးတယ်
မူစလင်အစစ်ကနေ လုပ်နေတာ
အဓိက ဓမ္မစကြာရိပ်သာကျောင်းကို သိရင် ပိုကောင်းမယ် နောင်တော်
တပည့်တော် နောက်နေ့မှ ဖုန်းနံပါတ်ယူလာမယ်


ဦးသာသန: အိုကေ ဦးဝိဇယ


***မကြာခင်မှာ အကြောင်းစုံလင်စွာ သိရတော့မှာပါ။

FACEBOOK မှကူးယူဖော်ပြသည်။

ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ...




ဘာသာရေးနဲ့ပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကိုမကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..
ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်..
ကိုယ့်အမြင်မှာ တိတ္တရသ ဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..တွေ့ရင်၊ မြင်ရင်..
ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော
ပါဠိတိုက်ရိုက်မဟုတ်ဘူး.. ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..
စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ..
ပြောတတ်၊ ဆိုတတ်ကြတယ်..
တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့
တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..
အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ
အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ တွေ့မြင်နေရပါတယ်...
ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..
ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု။ ရှေးရိုးစွဲအယူအဆများကို
ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေရှိတတ်ပါတယ်..
ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီး
သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား
မိတတ်ကြတယ်..ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ..
ဒီစာတွေ ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဌ-ဟာ
စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ..တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ..
ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါးဆိုတာကိုတော့ လက်ခံရမှာပါပဲ..
ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ
စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့..
စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ..ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ
မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး
ထင်မြင်ယူဆမိတတ်ကြတယ်..
ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ..
ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ
လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို
လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်..
တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့
လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့
အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု
လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့စာအုပ်၊ စာပေတွေကိုသာ..
တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..
ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့
စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊
မဖြစ်ခဲ့ကြပါဘူး.. အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ သဘောသဘာဝအမှန်ကို
လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို
ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်..
တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်..
အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်
အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်
သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဥာဏ်ရှိမှ
ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..
အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး

ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ.. အနောက်တိုင်းစာပေတွေကိုမှ
အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း ဒီအမှားတွေကို
အလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို
သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်..
ဒီလို ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ
.....ကျမ်းပြုဆရာဆိုတဲ့.. ၀ိသေသနပုဒ်ကိုတောင် ဖြည့်စွက်ထားလိုက်ပါသေးတယ်..
သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ ဘုရားဟောမဟုတ်ဘူး ဆိုပြီး
ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီး ကိုးကားပြောဆိုကြပြန်တယ်..
တကယ်တော့ အဘိဓမ္မာဆိုတာ ၀ိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီးသာလွန်မြင့်မြတ်ပါတယ်..
အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဥာဏ်ရည်အသွေးလောက်နဲ့ မရနိုင်ပါဘူး..
သဒ္ဓါတရားကို အခြေခံပြီး ၀င်ရောက်လေ့လာရတာမျိုးပါ..
သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး..
ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး ရေးသားခဲ့သူရှိပါသည်
ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။ ထိုစာအုပ်ကို ပြုစုသူကား
ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။
ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင် ပြန်လည်ပေါ်ထွန်းလာသော အဓမ္မ၀ါဒီများထဲတွင်
တစ်ယောက်အပါဝင်ဖြစ်ပါတယ်။
ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးဟာ ထေရ၀ါဒပိဋကတ်တော်တို့ကို
နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး
နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ
တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့် ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။
ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။
ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့
ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ
ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။
အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးရဲ့
ပိဋကတ်တော်လာတရားတော်များကို နှိမ်ချရေးသားထားမူ့၊ ဖျက်ဆီးရေးသားထားမူ၊
ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့
မူလဗုဒ္ဓ၀င်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော) မှ ပြုစုစိစစ်၍
ဓမ္မရံသီ မဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။ ယခုအခါ ထိုဆောင်းပါများကု
ပြန်လည်စုစည်း၍ ဗုဒ္ဓ၏ဗုဒ္ဓ ၀ါဒ ဆိုသော စာအုပ်အမည်ဖြင့် နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့်
ထုတ်ဝေဖြန့်ချီနေပါသည်။ ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မ၀ါဒ တရားများဖြစ်ကြောင်း သိလိုပါလျှင်
ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပြုအပ်ပါ၏။
သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ နည်းပါးသေးလျှင်
ထို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို
မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည်
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ
မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။
မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေးသူငယ်များကို
ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။
ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ် မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)
ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို ထုတ်ပြပါမည်။
တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌
ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
`ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။
လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။
ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ်။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။
ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်
ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။
ထိုအခါ အရှင်အရှင်အာနန္ဒာအား
`မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏
ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည်
ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏
ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု ဖြေလေသော်
ထိုသို့ဖြစ်လျှင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက
ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။ ရှင်သာမဏေ ပြုပေးနိုင်၏ ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု
ဘုရားရှင်းမိန့်တော်မူ၏။
အထက်ပါ ပညတ်ချက်များကို ကြည့်လျှင်
အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော
ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည်
သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။
သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည်
အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။
ထို့ကြောင့် ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန် ကောင်းမွန်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထား၍ ပြုသင့်သော အချက်ဖြစ်ပေသည်။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်
တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။
ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ်
ဥာဏ်နုနယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း မရှိချေ ။
သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား
ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။
သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏ ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။
ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု
မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)
ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။
ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို
ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။ ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊
သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတ်တတ်သေး။
ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။
ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှပေ၏
အရှင်ဝရသာမိ (မုံရွာ)
                                                                                                       http://dhammaanalysis.multiply.com/
http://www.sbay-student.org/
ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည်
ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့ ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ by မောင်ရမ္မာ (နိရဉ္စရာ)
နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့်
နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ
၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။
ကျောင်းတော်ကို ပေါင်စော်ဂေါ်မြို့မှ ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိသော
အော်မိုခါနာ မြို့နယ်ခွဲရှိ ဘိတောဂေါ်ရ် ကျေးရွာရှိ ရှင်ဘုရင် တပါးပါး
နေခဲ့သည်ဟု ခန်းမှန်းရသော တောင်ကုန်းကို တူးဖေါ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တူးဖေါ်ရာကို ဦးဆောင်သူ တဦးဖြစ်သည့် ရှေ့ဟောင်း ဦးစီးဌာနမှ ဒေါက်တာ ချာဟာနာ
ဟူဆေ ဂျာဟန်က အဆိုပါ ကျောင်းတော်ကို အေဒီ ၆ ရာစုနှင့် ၇ရာစု အတွင်းက
တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး တခု ဖြစ်သည်ဟု ပြောသည်။
၎င်းပြင် သူမက ကျောင်းတော်မှာ ရှေးခေတ် ကုန်ပိုင်း ကုန်သွယ်သွားလာရာ လမ်းတွင်
တည်ရှိခဲ့သဖြင့် တိဗက်၊ ဘူတန်၊ နီပေါနှင့် အိန္ဒိယ ဘီဟာ တို့နှင့် ဆက်စပ်မူ
ရှိကြောင်း ပြောသည်။
တူးဖေါ် တွေ့ရှိခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကျယ်ဝန်းပြီး အခန်းများကို
အုတ်များနှင့် တည်ဆောက်ထားသဖြင့် ယခင်က ဘာသာရေး ခေါင်းဆောင်များကို
အသိအမှတ်ပြုပြီး တည်ဆောက် ပေးခဲ့သည့် ကျောင်းတော် အဆောက်အဦး တခု
ဖြစ်နိုင်သည်ဟု သူမက ခန်းမှန်း ပြောဆိုသည်။
၎င်းနေရာတွင် အဆိုပါအဆောက်အဦးမျိုး တည်ရှိမည်ဟု ရှေးဟောင်း ဦးစီးဌာနမှ
ခန်းမှန်းထားခဲ့ပြီး ဒက္ကားမြို့ရှိ University of Liberal Arts
Bangladeshကျောင်းမှ ပါမောက္ခ ချာလာနာ ဟူဆေ ဂျာဟန်မှ ဦးဆောင်ပြီး အဆိုပါ
ကျောင်းမှ
နောက်ဆုံးနှစ် ကျောင်းသားများနှင့် သွားရောက်တူးဖေါ် ခဲ့ခြင်း ဖြစ်သည်။
ကျောင်းတော်ကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ကပင် စတင်ရှာဖွေတူးဖေါ်နေခဲ့ရာ ယခုနှစ်
ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင် တွေ့ရှိ ခြင်းဖြစ်သည်။
ယခုတွေ့ရှိခဲ့သော အဆောက်အဦးကို အေဒီ ၇ ရာစုအတွင်းက ပြုလုပ်သော အုတ်များဖြင့်
တည်ဆောက်ထားပြီး အာရှတွင် အကြီးဆုံး အဆောက်အဦးကြီး တခု ဖြစ်နိုင်သည်ဟု အဆိုပါ
တူးဖေါ်ရေး အဖွဲ့က ခန်းမှန်းထားသည်။
ဒေသခံများကမူ ၎င်းနေရာကို ရှေးဟောင်းမြို့တော် အဖြစ် သတ်မှတ်ပေးရန် အစိုးရကို
တောင်းဆိုထားသည်ဟုလည်း သိရသည်။
အလားတူ အဆိုပါနေရာမှာ ရှေးဘုရင်များက တိဘက်၊ ဘူတန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊
ပါကိစ္စတန်နိုင်ငံများနှင့် စီးပွားရေးအရ ဆက်သွယ်ရာတွင် ဗဟိုဌာနချုပ်အဖြစ်
အသုံးပြုခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟုလည်း ခန်းမှန်းပြောဆိုနေကြသည်။
ယခုတွေ့ရှိသော အဆောက်အဦးသည် ယခင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အာသံ၊ ကုစဘီဟ၊
မိန်နာမူတီ၊ ပါဟပူလ်၊ မော်ဟာစ်ထန်နော် ဒေသများတွင် တူးဖေါ်တွေ့ရှိခဲ့သော အဆောက်
အဦးများနှင့် တူညီသည်ဟု သိရသည်။
ယခုတွေ့ရှိသော အဆောက်အဦးနှင့်အတူ တခြားအဆောက်အဦးဟောင်း ၁၂ ခုကိုလည်း
တူးဖေါ်တွေ့ရှိထားသည်။

မောင်ရမ္မာ (နိရဉ္စရာ)
--
အလင်းစေတမန် မှ ဖြစ်ပါသည်။
Buddhist Temple over 1,500 years ago (နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ) by Maung Ramma (မောင်ရမ္မာ (နိရဉ္စရာ))
http://alinnsaytaman.multiply.com/
ဗုဒ္ဓ ကျောင်းတော်ကြီး နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ